ပုပ်ရဟန်းမင်းကြီး၏ကိုယ်ရံတော်တပ်ဖွဲ့သည်၎င်းတို့အဖွဲ့တည်ထောင်ခြင်း (၅၀၅)နှစ်မြောက်ပွဲကို ဗာတိကန်၌
မစ္ဆားတရားတော်မြတ်နှင့်အတူ ကျင်းပခဲ့သည်။ မစ္ဆားအပြီး၌ ၎င်းတို့ သည် စိန့်ပီတာရင်ပြင်တော်၌အလံများ၊ဘင်ခရာအဖွဲ့နှင့်အတူ စစ်ရေးပြစီတန်းလှည့်လည်ခဲ့ကြသည်။
လွန်ခဲ့သောနှစ်ပေါင်း (၅၀၀) ကျော်က ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျူလီဦး သည် " Confederatis
SuperiorisAllemanniae"ပြည်ထောင်စုအားပုပ်ရဟန်းမင်းကြီးကိုကာကွယ်စောင့်ရှောက်ရန်အတွက်ဆွစ်ဇလန်
လူငယ်
သည် ပထမဆုံးရောက်ရှိလာသော တပ်သား(၁၅၀)ဦး ပါသည့် ကိုယ်ရံတော် တပ်ဖွဲ့ကို စိန့်ပီတာရင်ပြင်တော်၌
ကောင်းကြီးပေးခဲ့သည်။
ကိုယ်ရံတော်တပ်ဖွဲ့သို့ ၀င်ရောက်အမှုထမ်းလိုသူသည် ဆွစ်ဇလန်နိုင်ငံသား၊ ကက်သလစ် ဘာသာဝင်တစ်ဦး
ဖြစ်ကာ အသက်အားဖြင့် (၁၉) နျစ်မှ (၃၀) နှစ်အကြား ရှိရမည်ဖြစ်သည်။ ၎င်းတို့သည် အနည်းဆုံးအရပ် ၅ ပေ
၇လက်မ မြင့်ပြီး အိမ်ထောင်မရှိသူဖြစ်ရမည်။ အခြေခံစစ်ရေးအတတ်များကို တတ်မြောက်သူဖြစ်ရမည်။
၁၅၂၇ ခုနှစ် ၊ မေလ ၆ရက် တွင် ပဉ္စမ မြောက်ချားလ်စ်ဘုရင် ၏ တပ်များက ရောမမြို့ကို သိမ်းပိုက်စဉ် ကိုယ် ရံတော် တပ်သား (၁၄၇) ဦးသည် မိမိ တို့၏ အသက် ကိုပေး၍ ပုပ်ရဟန်းမင်းကြီး သတ္တမ မြောက် ကလေးမင်း
အား ကာကွယ်စောင့်ရှောက်ခဲ့ကြသည်။ ထိုအဖြစ်အပျက်ကို အောက်မေ့သတိရသည့်အနေဖြင့် ကိုယ်ရံတော်
တပ်ဖွဲ့ ၏ကျမ်းသစ္စာကျိန်ဆိုပွဲ ကို နှစ်စဉ် မေလ ၆ရက်နေ့တွင် ကျင်းပလေ့ရှိသည်။ ( zenit.org )
မျိုးကြဲသူ ကက်သလစ်လစဉ်သတင်းစာစောင်မှ သတင်းတစ်ပုဒ်ကို တင်ပြခြင်းဖြစ်သည်။
No comments:
Post a Comment