-သင့်အား
ငါဆိုသည်မှာ သင်သည်ပေတရုဖြစ်၏။ ဤကျောက်ပေါ်တွင် ငါ၏ အသင်းတော်ကို ငါတည်ဆောက်မည်။ ထိုအသင်းတော်ကို
ငရဲတံခါးတို့သည် မအောင်နိုင်ရာ။ - (သံမာတေဦး ၁၆း၁၈)။
သခင်ခရစ်တော်မှ
စိန်ပီတာအား အသင်းတော်၏ခေါင်းဆောင် အဖြစ် ခန့်အပ် ခဲ့သည်ကိုလည်း ပြန်လည်အောက်မေ့ သတိရကာ
ကျင်းပခြင်းဖြစ်သကဲ့သို့ ခရစ်ယာန် အားလုံး၏ စည်းလုံးခြင်းအဖြစ် စိန်ပီတာ၏ ပလ္လင်ခုံသည်
အဓိပ္ပာယ်ဆောင်၍
ဤပွဲတော်အား ကျင်းပခြင်း ဖြစ်ပေသည်။
ကက်သလစ် အသင်းတော်တွင် သာသနာနယ်ပေါင်းများစွာနှင့်ဖွဲ့စည်းပြီး
ထိုသာသနာနယ်များမှ ဆရာတော်များအားလုံးသည် တန်းတူအဆင့်ရှိကြသည်။ ထို့အတူ ပုပ်ရဟန်းမင်းကြီးသည်လည်း
ထိုသာသနာ နယ်များစွာထဲမှ သာသနာတစ်ခုဖြစ်သည့် ရောမမြို့၏ဆရာတော်တစ်ပါး သာဖြစ်ပေသည်။ သို့သော်
အားလုံးသော သာသနာနယ်များနှင့် ဘာသာဝင်တို့၏စည်းလုံးခြင်းအဖြစ် ရောမမြို့အား ဗဟိုရ်ပြု၍
ရောမမြို့၏ဆရာတော်အား (Primus inter pares) တန်းတူပုဂ္ဂိုလ်တွေထဲမှ ပထမဆုံးသူဟူ၍ ကက်သလစ်ဘာသာတစ်ခုလုံး၏
ခေါင်းဆောင်အဖြစ် ပုပ်ရဟန်းမင်းကြီးဟု ခေါ်ဆိုကြခြင်းဖြစ်ပေသည်။
ခရစ်တော်သည် စီမွန်အား
ကျောက်တုံးကျောက်ဆောင်ဟု အဓိပ္ပာယ်ရှိသော
ပီတာဟူသည့် အမည်ကို ပေးခဲ့ကာ ထိုကျောက်ဆောင်ပေါ်တွင် သူ၏အသင်းတော်ကို တည်ဆောက် မည်ဟု ပြောဆို ခဲ့သည့်အတိုင်း
ကမ္ဘာတ၀ှမ်းလုံးရှိ သာသနာနယ်များမှ ဘာသာဝင်အားလုံး၏ ယုံကြည်ခြင်းနှင့် စည်းလုံးခြင်းအား
ရောမမြို့သာသနာမှတဆင့် ကမ္ဘာကိုသိစေ ပေါ်လွင်စေပါသည်။ ယုံကြည်ခြင်းဆိုင်ရာ၊ အသင်းတော်နှင့်ဆိုင်ရာများကို
ပုပ်ရဟန်းမင်းကြီးမှ တရားဝင်စကားမိန့်ဆိုသည့်အခါ သူ၏စကားသည် အသင်းတော်တစ်ခုလုံး၏သက်သေခံချက်စကားပင်ဖြစ်ပါသည်။
ရှေးဦးခရစ်ယာန်များ ကတည်းကပင်
ဤပွဲတော်အား ရောမမြို့တွင် ဇန်န၀ါရီ ၁၈ရက်နေ့၊ အန်တီအို့မြို့တွင် ဖေဖေါ်ဝါရီ ၂၂ ရက်နေ့များတွင်
ကျင်းပလာခဲ့ကြသည်။ ထိုပွဲအား ကျင်းပလေတိုင်း စိန်ပီတာကိုယ်တိုင် အသုံးပြုခဲ့သော ထိုင်ခုံပလ္လင်အား
ဂါဝရပြုလေ့ရှိသည်။ ရှေးထုံးကို မပယ်သော အသင်းတော်အနေဖြင့် ထိုရှေးဦးခရစ်ယာန်တို့၏
ဓလေ့ထုံးတမ်းအတိုင်း ထိုပွဲတော်အား ယနေ့ထိတိုင် ကျင်းပပါသည်။ ယနေ့ အသင်းတော်၏ ၀တ်ပြုကိုးကွယ်ရာ
ပြကဒိန်တွင် ဤပွဲနေ့အား ဖေဖေါ်ဝါရီ ၂၂တွင် ထည့်သွင်းကျင်းပလေသည်။
ပုပ်ရဟန်းမင်းကြီး
ဘက်နက်ဒစ်(၁၆)က ဤပွဲတော်အား ကျင်းပရခြင်းမှာ အသင်းတော်တစ်ခုလုံးအား စည်းစည်းလုံးလုံးနှင့်
ကယ်တင်ခြင်းလမ်းစဉ်သို့ လမ်းပြဦးဆောင်လိုသော ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာ၏ အထူးအမှတ်လက္ခဏာအား
လက်ခံအသိမှတ်ပြုဖို့ပင်ဖြစ်ပါသည် ဟုမိန့်ဆိုခဲ့လေသည်။
ထိုကြောင့်
ယနေ့စိန်ပီတာ၏ပလ္လင်ခုံပွဲသည် တကမ္ဘာလုံးရှိ အသင်းတော်အား စုရုံးစည်းလုံးစေရန် ဖိတ်ခေါ်လိုက်ခြင်းပင်ဖြစ်ပါသည်။
သာသနာနယ်တိုင်းရှိ ကက်သီဒြရယ်ကြီးများသည် ဤပွဲတော်အား မီးမောင်းထိုးပြသကဲ့သို့ ရောမမြို့ရှိသာသနယ်၌
ဗဟိုရ်ပြုကြောင်းကိုလည်း အသိမှတ်ပြုထားပေသည်။
မနောအောင်
No comments:
Post a Comment