အမှန်အားဖြင့် အသင်းဂိုဏ်းတည်ထောင်ခဲ့ခြင်းသည် အသင်းတော်အတွင်း၌ အသစ်မွမ်းမံခြင်းပင် ဖြစ်သည်။ ထိုခေတ်အချိန်ကာလတွင် တရားဟောခြင်းမှာ ဆရာတော်များ၌သာ အခွင့်အာဏာရှိ၍ အချို့အထူးခန့်အပ်ခံရသော ရဟန်းအနည်းငယ်သာ ဟောပြောခွင့်ရှိခဲ့သည်။ ထိုကြောင့် စိန်.ဒေါမီနစ်သည် တရားဟောအသင်းဂိုဏ်းအား တည်ထောင်ရန် လျှောက်တင်သောအခါ ဆရာတော်များဖြင့် ဖွဲ့စည်းမည်လောဟု မေးမြန်းခံခဲ့ရသည်။ သို့သော် ကျွန်ုပ်တို့မြင်တွေ့ရသည့်အတိုင်း ပုပ်ရဟန်းမင်းကြီးသည် စိန်.ဒေါမီနစ်၏အယူအဆအား လက်ခံခဲ့၍ အသင်းဂိုဏ်းအား ရဟန်းတော်များနှင့်ပင် တည်ထောင်ရန် အတည်ပြုပေးခဲ့သည်။
ဒါကြောင့် ဒေါမီနီကန်ဆိုသည်မှာ ဘုရားသခင်ရဲ့ နှုတ်တော်ထွက်တရား၊ ဟောပြောသွန်သင်ရန် စေလွှတ်ခံရသူတေလူငယ်ပီပီ စိန်ဒေါမီနစ်တွင် အိပ်မက်တစ်ခုရှိခဲ့ပါသည်။ ထိုအိပ်မက်သည် ကူမန်ဟုခေါ်သော ဥရောပအရှေ့ပိုင်း တွင်ရှိသော ဘာသာရေးမဲ့သူများထံသို့ သွားရောက်၍ တရားဟောရန်ပင်ဖြစ်သည်။ ဓမ္မအာဇာနည်းတစ်ဦးအဖြစ် သေလျှင်ပင်သေစေ ဟုမျှော်လင့်ခဲ့သည်။ ပြောရမယ်ဆိုင်ရင်တော့ ခရစ်ယာန်မဟုတ်သူတိုင်း ထံသို့သွားရောက်၍ တရားဟောလိုခြင်းပင် ဖြစ်သည်။ သို့သော်လည်း ကျွန်ုပ်တို့တွေ့မြင်သည့်အတိုင်း ဘုရားသခင်၏အလိုတော်သည် သူ့အား ပြင်သစ်ပြည်တောင်ပိုင်းရှိ အာဘေဂျန်းစီယမ်းတို့နယ်သို့ ပို့ဆောင်ခဲ့သည်။ ထိုနယ်မြေများတွင် နှစ်ပေါင်းများစွာ ဘုရားရှင်ရဲ.အမှုူတော်ကို မရပ်မနား ထမ်းဆောင်ခဲ့သည်။ သို.သော်လည်း သူ၏အိပ်မက်ကိုတော့ ဘယ်တော့မှ မမေ့ခဲ့ပေ။ အချို့ပြောပြချက်များအရ၊ သူဘဝကုန်ဆုံးချိန်နီးတွင် ထိုအိပ်မက်ကို အကောင်ထည်ဖော်ရန် အခွင့်သာခဲ့သည် ဟုသိရပါသည်။ သို့သော်လည်း မအောင်မြင်ခဲ့ပြန်ပေ။ ၁၂၂၁ ခုနှစ်၊ အီတလီနိုင်ငံ ဘိုလိုညာမြို့တွင် စိန်ဒေါမီနစ် ပျံလွန်သွားသောအခါ သူ၏အိပ်မက်ပျောက်ဆုံးသွားပါသလား။ မပျောက်ဆုံးခဲ့ပါ။ လုံးဝကို မပျောက်ဆုံးခဲ့ပါ။ သူ၏အစောဆုံးသော တပည့်နောက်လိုက်အချို့မှတစ်ယောက်ဖြစ်သော ပိုလန်မှစိန်ဟိုင်ရချီ (St. Hyacinth of Poland)၏ ဦးဆောင်မှုဖြင့်သူ့အိပ်မက်နယ်မြေများကို သာသနာပြုခဲ့ကြသည်။ အချို့တပည့်များသည်လည်း မူစလင်များလွှမ်းမိုးသော အာဖရိကမြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းဒေသများသို့ နှုတ်တော်ထွက်တရားကို စတင်ဟောပြောခဲ့ကြသည်။ ထိုနောက် အမေရိကတိုက်ကို ရှာဖွေတွေ့ရှိသောအခါ၌လည်း စပိန်နိုင်ငံမှ ဒေါမီနီကန်များသည် အမေရိကတိုက်၏ တောင်ပိုင်း၊ အလယ်ပိုင်း၊ မြောက်ပိုင်းများသို့ နှုတ်တော်ထွက်တရားတော်မျိုးစေ့ကို ကြဲခဲ့ကြသည်။ တစ်ချိန်တည်းမှာပင်၊ ပေါတူဂီမှ ဒေါမီနီကန်များသည်လည်း အာရှအစိတ်အပိုင်းအချို့များဖြစ်သော အိန္ဒိယ၊ တရုတ်ပြည်ရှိ မက်ကာအို (Macau) ကျွန်းများသို့ စတင်သာသနာပြုခဲ့ကြသည်။
ထိုအကြောင်းအရာများသည် အလွန်ကြီးမြတ်သော အသီးအပွင့်များ ဝေဆာသော လုပ်ရပ်များပင် ဖြစ်သည်။ သို့သော်လည်း စိန်ဒေါမီနစ်၏ အိပ်မက်သည် မပြီးပြည့်စုံသေးပါ။ နောက်ထပ် ပြောစရာအကြောင်းတစ်ခုရှိပါသေးသည်။ ၁၅၈၇ ခုနှစ်တွင် ကျွန်ုပ်တို့စိတ်ပုတီး၏သခင်မ သာသနာပြုနယ်အား တည်ထောင်ခြင်းအကြောင်းပင် ဖြစ်သည်။ ၎င်းသည် သာသနာပြုခြင်း၏ အထွဉ်အထိပ်ပင်ဖြစ်သည် ဟုဆိုရလိမ့်မည်။ ထိုအချိန်မတိုင်ခင်၌ သာသနာနယ်အမျိုးအမျိုးမှ ဒေါမီနီကန်တို့သည် သာသနာပြုနယ်မြေများသို့ တစ်ဦးချင်းစီသာ သွားရောက်နေခဲ့ကြပါသည်။ အခြားသူများမူ ဥရောပတွင် ဆက်လက်ထမ်းဆောင်နေကြသည်။ ၎င်းသာသနာနယ်များသည်လည်း သာသနာပြုနယ်များဟု ခေါ်ဆိုနိုင်ပါသည်။ ယခုအချိန်တွင်မူ သာသနာနယ်တစ်ခုလုံးမှ အသင်းဝင်ပုဂ္ဂိုလ်များအားလုံး သာသနာပြုပုဂ္ဂိုလ်များအဖြစ် သာသနာပြုနယ်များသို့ သွားရောက်ရန် လိုအပ်ပါတော့သည်။ ဤသာသနာပြုနယ်သည် အသင်းဂိုဏ်း၌ တစ်ခုတည်းသော သမိုင်းတင်မော်ကွန်းပင် ဖြစ်ပါလိမ့်မည်။ လက်တွေ့၌မူ ၎င်း၌ ကိုယ်ပိုင်သာသနာနယ်မြေ မရှိပါ။ ပြင်သစ်သို့သွားလျှင်သော်၎င်း၊ စပိန်သို့သွားလျှင်သော်၎င်း၊ ဘယ်ကိုဘဲသွားသွား သူ့သာသနာနယ်နှင့်သူရှိသည်ကို တွေ့ရပါလိမ့်မည်။ ဤသာသနာပြုနယ်သည်ကား အာရှတိုက်ကြီး၌လှည့်လည်သွားရောက်တရားဟောနေကြပြီး ရှေးတမန်တော်ကြီးများနှင့်ပင် တူပါသည်။ သူတို့အတွက် တံခါးဖွင့်သည့်နေရာတိုင်းမှာ လုပ်ဆောင်ရန် အသင့်ရှိနေသူများ ဖြစ်သည်။ ထိုကြောင့် အာရှတိုက်သို့ သူတို့လာခဲ့ကြသည်။ နှစ်ပေါင်း ၄၀၀ အတွင်း သာသနာပြုပုဂ္ဂိုလ် ၂၀၀၀ ကျော်လာရောက်ခဲ့ကြပြီး ဖိလစ်ပိုင်၊ဗီယက်နန်၊တရုတ်၊ထိုင်ဝမ်၊ဂျပန် နှင့်ဟောင်ကောင်တို့တွင် သာသနာပြုလျက် ရှိကြသည်။
ကျွန်ုပ်စိတ်ပုတီး၏ သခင်မသာသနာပြုနယ်တွင် ရှိသော အသင်းသားများအား လှုံ့ဆော်အသက်သွင်းသည့် စိတ်ဓာတ်ဝိညာဉ်အား အောက်ပါအချက် သုံးချက်ဖြင့် အကျဉ်းချုပ်ယူနိုင်ပါသည်။ (၁) ခရစ်ယာန်မဟုတ်သူများထံသို့ လာရောက် သာသနာပြုကြသည်။ (၂) မိမိတို့၏ကိုယ်ပိုင် နိုင်ငံများကို စွန့်ခွာ၍ သာသနာပြုကြသည်။ (၃) ငါးနှစ်၊ ဆယ်နှစ်သာ မဟုတ်ဘဲ ဘဝတစ်ခုလုံး ကုန်ဆုံးချိန်အထိ ပေးဆပ်ခြင်းတို့ဖြင့် သာသနာပြုကြသည်။ သို့သော်လည်း မှတ်သားစရာတစ်ခုတော့ရှိသည်။ တရားဒေသနာတော်ဟောပြောခြင်းသည် မိမိကိုယ်တိုင်နှင့် ဘုရားသခင်၏ လူမျိုးများအတွက်ဟု ဆိုကတည်းကပင်၊ တစ်ခါတစ်လေ ဒေသစွဲ၊ အလေ့အထစွဲတို့လည်း ဖြစ်တတ်သည်။ ဆိုလိုသည်မှာ၊- သီးသန့်နယ်မြေတစ်ခုတွင် အသင်းဂိုဏ်းတည်ထောင်ခြင်း ဒါမှမဟုတ် ပုပ်ရဟန်းမင်းကြီး အဆိုပြုသော သာသနာပြုရန် လိုအပ်သည့်နယ်မြေများ၊ အထူးသဖြင့် ခရစ်ယာန်နယ်မြေများအား ယုံကြည်ခြင်းပြန်လည် အသက်သွင်းပေးရန် ဆိုလိုသည်။ တစ်ချိန်တည်းမှာပင် သာသနာနယ်၏ အချို့ပုဂ္ဂိုလ်တို့မှာ အခြားတနေရာရာတွင် လုပ်ဆောင်နေပါလိမ့်မည်။ သို့သော်လည်း ၎င်းအား အထူးခြွင်းချက်အဖြစ် သာမန်စည်းမျဉ်းမှ နုတ်ယူရပါလိမ့်မည်။ သာသာပြုနယ်သည် လိုအပ်ချက်တစ်ခု ဖြစ်နေသည်မှာ အထူးပြောစရာမဟုတ်ပါ။ ထိုကြောင့် အခြေခံကျသော ဤအထက်ပါ စိတ်ဓာတ်ဝိညာဉ် (၃)ခုသည် အသင်းသားများအတွက် လိုအပ်ပေသည်။
ကျွန်ုပ်တို့ စိတ်ပုတီး၏သခင်မ သာသနာပြုနယ်အား တည်ထောင်ခဲ့သည်နှင့်ပင် စိန်ဒေါမီနစ်၏ အိပ်မက်သည် အကောင်ထည်ပေါ်ရန် အကြောင်းဖြစ်လာသည်။ ဓမ္မအာဇာနည်များစွာလည်း မိမိတို့၏အသက်ကို စွန့်ပေးခဲ့ကြသည်။ သာသာနယ်၏ သမိုင်းတစ်ခုလုံးသည်ပင် သက်သေတည်လေ၏။ ဤသာသနာပြုနယ်ရှိ ဥရောပသားဖြစ်ဖြစ်၊ အာရှသားဖြစ်ဖြစ် ရဟန်း၊ကိုရင်၊သီလှရှင်၊ စစ္စတာများ၊ လူဝတ်ဒေါမီနီကန်များနှင့် အခြားဒေါမီနီကန် မိသားစုဝင်များသည် ယုံကြည်ခြင်းအတွက် မိမိတို့၏အသက်ကို ပေးစွန့်ခဲ့ကြ၍ အသင်းတော်၌ ရဟန္တာများအဖြစ် တင်မြှောက်ခံရပါသည်။ ဤရဟန္တာများထဲမှာ သူတော်စင်နှစ်ဦးအား ဖော်ပြပါရစေ။ စိန်ဖရန်စစ်စကို ဖာနန်ဒက်စ် (St. Francis Fernandez of Capillas)သည် တရုတ်ပြည်၏ ပထမဆုံး ဓမ္မအာဇာနည် ရဟန္တာတစ်ပါးဖြစ်ပြီး လော်ရန်ဇို ရူရစ်(St. Lorenzo Ruiz) သည် ဖိလစ်ပိုင်လူမျိုးမှဖြစ်သော ပထမဆုံးရဟန္တာဖြစ်ပါသည်။
သူတို့၏သာသနာပြုခြင်းမှာ နှုတ်တော်ထွက်တရားတော်၏ အသန့်ရှင်းဆုံး စိတ်ဓာတ်တို့ဖြင့် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်၍ အောင်မြင်သည်။ ဒါပေမယ့်လည်း လုပ်ဆောင်ရန် မပြီးဆုံးသေးပါ။ ခရစ်တော်အကြောင်းကို မကြားသိသေးသူများ မြောက်များစွာ ကျန်ရှိနေသေးသလို၊ ကြားသိသော်လည်း လက်မခံနိုင်သေးသူများ မြောက်များစွာ ရှိပါသေးသည်။ ထိုကြောင့် ဤသာသနာပြုခြင်းသည် ဆက်လက်လုပ်ဆောင်ရမည့် ဝတ္တရားတစ်ခုပင်ဖြစ်သည်။ ကျွန်ုပ်တို့သာသနာပြုနယ်မှ ပုဂ္ဂိုလ်များလည်း အစွမ်းရှိသမျှနှင့် ကြိုးစားနေပါသည်။ သိပ်မကြာသေးခင်ကဘဲ မက်ကာအို၊ တောင်ကိုးရီးယားနှင့် စင်ကာပူတို့တွင် တိုးချဲ့သာသနာပြုခဲ့ကြသည်။
ဒီတော့…စပျစ်ဥယာဉ်ကြီးသည်ဤနေရာတွင်ရှိနေဆဲဖြစ်ပါသည်။သံမာတေဦး(၂၀း၁-၇)တွင်ဆိုထားသည့်အတိုင်း စပျစ်ခြံပိုင်ရှင်သခင်ဘုရားသည် သူ၏စပျစ်ခြံအတွက် အလုပ်သမားများ စုဆောင်းလျက်ရှိပါသည်။ သံလုကာ(၁၀း၂) တွင်လည်း ရိတ်သိမ်းစရာများစွာရှိသော်လည်း လုပ်ဆောင်သူနည်းပါးသည်ဟု ညည်းညူနေပါသည်။အလုပ်သမားများ ပို၍ပို၍ကို အရေးတကြီးပင် လိုအပ်နေပါသည်။
ကဲ-မိတ်ဆွေ။ ယခုတော့ ဒေါမီနီကန်တွေဟာ ဘယ်သူဘယ်ဝါဆိုတာ သင်သိရပြီ။ သူတို့ဘာတွေလုပ်ဆောင် ကြလဲဆိုတာ သင်သိရပြီ။ သူတို့၏သာသနာပြုရည်းမှန်းချက်များလည်း သင်သိပြီပေါ့ဗျာ။
တကယ်ပဲမြင့်မြတ်တဲ့အကြံကောင်းတွေပဲ မဟုတ်လား ခင်ဗျ။ ဟုတ်တာပေါ့။ ဝိညာဉ်တော်ဘုရားထံမှ လာတဲ့အကြံညဏ်တွေပဲဟာဗျာ။ မြင့်မြတ်ရမှာပေါ့။ ဒါတင်မကသေးဘူး ခင်ဗျ။ နောက်လိုက်လုပ်ပြီး အတူတကွလုပ်ဆောင် ဖို့ရန်ကော ထိုက်တန်တယ်လို့ မထင်ဘူးလား မိတ်ဆွေ။ စိန်ခေါ်သံတစ်ခုပဲ။ မိမိ၏နှလုံးသားမှ ရက်ရက်ရောရောဖြေဆိုဖို့ လိုလိမ့်မည်။ သို့ပေမယ့်လည်း ကျွန်ုပ်တို့ခေါ်သည့် သခင်သည် ကျွန်ုပ်တို့နှင့် ရက်ရောစွာ မျှဝေခံစားသည်ဆိုတာ ယုံကြည်ပါ။ သွား၍ဟောပြောလောဟု စိန်ဒေါမီနစ်ကို ဘုရားသခင်မိန့်ဆိုခဲ့သည့်အတိုင်း ကျွန်ုပ်တို့ကိုလည်း မိန့်ဆိုလေ၏။ သြော်-မိတ်ဆွေတစ်ဦးတည်း မဟုတ်ဘူးဆိုတာ မမေ့နဲ့ဦးဗျ။ သံမာတေဦး (၂၈း၂၀) ကိုလည်း သတိရပါဟု ထပ်လောင်းပြောပြရစေ။ “ငါသည် ကမ္ဘာကုန်သည့်တိုင်အောင် သင်တို.နှင့်အတူ အစဉ်ရှိမည်။”
ဒေါမီနီကန်မိသားစုဝင်တစ်ဖြစ်ဖို့အတွက် သင်၏နှလုံးသား၌ ဆန္ဒရှိပါသလား။ အထူးသဖြင့်-ကျွန်ုပ်တို့စိတ်ပုတီး၏သခင်မ သာသနာပြုနယ်၌ပေါ့ဗျာ။ နည်းနည်းလောက်တော့ စဉ်းစားကြည့်ပါလား။ ဤသည်ပင် သခင့်ခေါ်သံဖြစ်နေလောက်ပါသည်။
သင့်ကိုယ်သင် ပြင်ဆင်မှု့မရှိသေးဘူး ၊ ထင်သလောက် မထက်မြက်ဘူးဟုထင်နေလား။ ဤအကြောင်းကြောင့် သင်ရဲ့ဆန္ဒကို မစွန့်လွတ်လိုက်ပါနဲ့။ အစပထမ၌ မည်သူမျှ ပြင်ဆင်ပြီးသူများ မဟုတ်ပါ။ မည်သူမျှလည်း အပြစ်ကင်းသူဟု ကြေငြာနိုင်မည် မဟုတ်ပေ။ တကယ်တန်းတော့ အပြစ်သားဖြစ်နေရသည်ပင် သခင့်ခေါ်သံကို နှလုံးသားမှ ဖြေကြားစေရန် အကြောင်းရင်းပင် ဖြစ်ပါသည်။ ဒေါမီနီကန်တို့သည် ပြီးပြည့်စုံဖို့ရန် မကြွေးကြော်ပါ။ သူတို့၏ခေါ်တော်မူခြင်းနှင့် သာသနာပြုခြင်း၌ စွမ်းအားရှိသမျှ ကြိုးစားခြင်းသာ ဖြစ်ပြီး တစ်နေ့ထက်တစ်နေ့ သူတို့၏စိတ်ဓာတ်ဝိညာဉ်ကို ပုံသွင်းခြင်း ဖြစ်ပါသည်။ ပုပ်ရဟန်းမင်းကြီး တတိယမြောက် သြနောရီးအုပ်စ်(Pope Honorius III) ပြောဆိုခဲ့သည့်အတိုင်း “ဝိညာဉ်များ၏ ကယ်တင်ခြင်းအတွက်နှင့် သင်၏အပြစ်ခွင့်လွတ်ခြင်းအတွက် သွား၍ဟောပြောလော” ဆိုသည့် စကားကိုလည်း ဘယ်တော့မှ မမေ့ပါ။ ဘာသာရေးဘဝအသက်တာ၊ ဒေါမီနီကန်ဘဝအသက်တာ၊ သာသနာပြုဘဝအသက်တာ…
ဘဝအသက်တာ၏ ခရီးတလျှောက်လုံးသည် အသစ်သစ်သော လမ်းများကိုဖွင့်ပေးခြင်း၊ ရှာဖွေကြခြင်း၊ ထုတ်ဖော်ပေးခြင်းတို့အား မိမိ၏ခေါ်တော်မူခြင်းဖြင့် ဖြတ်ကျော်ရပါမည်။ တဆင့်ပြီးတဆင့် မူလရည်မှန်းချက်ကြီးဆီသို့ လူများအားနီးသထက်နီးအောင် ဆွဲခေါ်လေသည်။ တစ်နေ့ပြီးတစ်နေ့ မိမိ၏နှလုံးသား၌ ပျော်မွေ့ကြည်နူးစေသည်။ ဘာဖြစ်လို့လဲဆိုတော့ သခင့်စပျစ်ခြံ၌ လုပ်ဆောင်ရာတွင် အထူးရွေးချယ်ခံရတဲ့ သူငယ်ချင်းများရှိနေသည်ကို သတိထားမိသောကြောင့်ပင် ဖြစ်သည်။ မလွဲမသွေ တွေ့ကြုံရမည့် အခက်အခဲ အတားအဆီးများနှင့် ဝေဖန်မှု့များ ရှိနေလည်း မမှုပါ။
ယုံကြည်ခြင်းလိုအပ်သည် မိတ်ဆွေ။ စိတ်ချခိုင်မာစွာ ယုံကြည်ဖို့လိုအပ်သည်။ မဟုတ်လျှင် ယုံကြည်ခြင်းသည် အချည်းအနှီးသာ ဖြစ်လိမ့်မည်။ ကျွန်ုပ်တို့ကို ခေါ်သည့်သခင်၊ ကျွန်ုပ်တို့ကို စေလွတ်သည့်သခင်၊ ကျွန်ုပ်တို့နှင့်အတူရှိသည့် သခင်၌ ယုံကြည်ပါ။ ယုံကြည်ခြင်းနှင့် စိတ်ချရခြင်းသည်လည်း တရားဟောရဟန်းတစ်ပါး အတွက် သာသနာပြုရန် အကြောင်းတစ်ချက်ပင် ဖြစ်သည်။
No comments:
Post a Comment