သူတို့ကဘယ်သူတွေများလဲဗျ။နောက်ပြီးသူတို့ဘာတွေလုပ်ဆောင်ကြတာလဲဗျ။မိတ်ဆွေရဲ့မေးခွန်းတွေက စိတ်ဝင်စားစရာတွေပါလား။ ပြောရမယ်ဆိုရင်တော့ဒီအကြောင်းအရာတွေက ပုံပြင်ရှည်ကြီးတစ်ခုလိုပါပဲ။ ဒီတော့ ခဏတဖြုတ်ထိုင်ပြီး စကားပြောကြရင် မကောင်းဘူးလားဗျ။
သံမာတေွးဦး ၂၈း၁၉-၂၀ တွင်ခရစ်တော်မိန့်ဆိုခဲ့သည်မှာ- သင်တို့သည်သွားကြ၍ လူမျိုးတကာတို့ကို ငါ၏တပည့်များဖြစ်စေကြလျက် ခမည်းတော်၊သားတော်၊သန့်ရှင်းသောဝိညာဉ်တော်၏ နာမတော်မြတ်၌သူတို့ကို ဆေးကြောကြလော။
တမန်တော်ကြီးများသည်လည်းမိန့်ဆိုသည့်အတိုင်းဆောင်ရွက်ခဲ့ကြသည်။သူတို့သည် အရှေ့မှအနောက်၊တောင်မှမြောက်သို့လမ်းဖွင့်ခဲ့ကြပြီးသူတို့ကြားသိကြုံတွေ့ခဲ့ရသောခရစ်တော်၏ရှင်ပြန် ထမြောက်ခြင်းနှင့်လူသားတို့အားအသက်သစ်ပေးသောသတင်းကောင်းကိုဟောပြောခဲ့ကြသည်။နှုတ်တော် ထွက်တရားကို ဟောပြောခြင်းသည် သူတို့၏တာဝန်နှင့် ရည်မှန်းချက်ဖြစ်သည့်အတိုင်း ဟောပြောခဲ့ကြသည်။ ဒါ့အပြင်ခရစ်တော်၏နာမတော်မြတ်၌အခြားပုဂ္ဂိုလ်များကိုလည်းသူတို့ကဲ့သို့လုပ်ဆောင်ရန်အခွင့်အာဏာပေးခဲ့သည်။ထိုကြောင့်နှစ်တွေကြာလာသည်နှင့်အမျှ၊ရာစုတွေတစ်ခုပြီးတစ်ခုဖြတ်ကျော်လာပြီးနှုတ်တော်ထွက်တရားတော်သည်ကမ္ဘာတဝှမ်းလုံး၌ပဲ့တင်ထပ်လာခဲ့တော့သည်။ခရစ်တော်၏တပည့်များလည်းတိုးပွားလာခဲ့ပြီး ကမ္ဘာပေါ်တွင်အများဆုံးမှာခရစ်ယာန်များပင်ဖြစ်လာတော့သည်။ဥရောပတိုက်တစ်ခုလုံးသည်ခရစ်ယာန်များ ဒေသဟုပင်လူသိများလာခဲ့သည်။
သို့သော်လည်း နှုတ်တော်ထွက်တရားကိုဟောပြောခြင်းသည် တစ်ကြိမ်တစ်ခါတည်းနှင့် လုပ်ဆောင်ရသည့် အရာမဟုတ်ပေ။ ဤအတိုင်းသာဆိုလျှင်တော့ ယုံကြည်ခြင်းကို လက်ခံပြီး တိုးတက်ပြီးသည်နှင့် တစ်သက်စာပြီးပြီဟု ဆိုရလိမ့်မည်။ သို့သော်လည်း ယုံကြည်ခြင်းသည် ဝိညာဉ်၏အသက်ဆိုသည်ထက် ခန္တာ၏အသက်ဟုဆိုရလိမ့်မည်။ ၎င်းတွင် ဒီရေကဲ့သို့အတက်အကျတို့ရှိပြီး အတားအဆီးများ၊ အန္တရာယ်များနှင်း ဝိုင်းရံနေသည်။ ထိုကြောင့် အမြဲတမ်းခွန်အားယူလျက်၊ အမြဲတမ်းပြန်လည်သုံးသပ်လျက် ပျောက်ဆုံးလျှင်ပင် ပြန်တွေ့အောင်ကြိုးစားရလိမ့်မည်။
ယုံကြည်ခြင်းလမ်း၌ လျှောက်လှမ်းရာတွင် နေ့စဉ်ပုံမှန်ကြုံတွေ့နေရသော သာမန်အတားအဆီးများ၊ ဥပမာ-အပြစ်၌ယိမ်းယိုင်ခြင်း၊ အနှောက်ယှက်များ၊ အပြစ်ပြုမိရန် အခွင့်အခါများနှင့် သဘာဝပျက်စီးရာ ပျက်စီးကြောင်းများ အပြင် ဘုရားသခင်၏လူမျိုးများ၌ရှိသော ယုံကြည်ခြင်းသည် တစ်ခါတစ်ရံ ပြင်ပဖိအားများဖြင့် တိုက်ခိုက်ခံနေရတတ်သည်။ ခရစ်ယာန်အသက်တာဖြင့်နေထိုင်ခြင်းနှင့် ၎င်းကိုနားလည်သဘောပေါက်ခြင်းတို့သည် ထိုကဲ့သို့သော ရှုပ်ထွေးစေသည့် အကြောင်းတရားများကြောင့် အသင်းတော်၏ဘဝအသက်တာအား တဖြည်းဖြည်းထိခိုက်စေသည်။
ယုံကြည်ခြင်း၏အဓိက ရန်သူမှာ အယူဝါဒလွဲမှားခြင်း (heresy) ပင် ဖြစ်သည်။ ဆိုလိုသည်မှာ-အသင်းတော်၏ မူရင်းယုံကြည်ချက်ဝါဒမှ ဆန့်ကျင့်ပြီး ဟောပြောသွန်သင်ခြင်း၊ ကျင့်ကြံနေထိုင်ခြင်း၊ မိမိဘာသာ စိတ်ထင်ရာ ယုံကြည်ခြင်းပင် ဖြစ်သည်။ ၎င်းအယူဝါဒလွဲမှားမှု့များသည် အသင်းတော်သမိုင်း၌ မကြာခဏပေါ်ပေါက်လာတတ်သည်။ အမိအသင်းတော်၏ သွန်သင်ခြင်းများကို ဆန့်ကျင့်စွာ ဝိညာဉ်များကို စစ်မှန်သည့်ခရစ်ယာန်အယူဝါဒမှ အဝေးသို့ဆွဲခေါ်နေကြသည်။
(၁၂) ရာစုနှင့် (၁၃) ရာစုနှစ်တို့သည် ဥရောပ၌ ယုံကြည်ခြင်းပြင်းထန်သည့် ရာစုနှစ်များဟု ဆိုရလိမ့်မည်။ တစ်ချိန်တည်းမှာပင် အယူအဆလွဲမှားမှု့များလည်း ပြန့်နှံ့ပြီး ဘုရားသခင်၏လူမျိုးများအား ပျက်စီးခြင်းသို့ ဆွဲခေါ်နေကြည်သည်ကို တွေ့မြင်နိုင်သည်။ တစ်ခုသောဝါဒပျက်မှု့မှာ အာဘီဂျန်းစီယမ်း(Albigensian) ဟုခေါ်သည်။ (၎င်းသည် ပြင်သစ်ပြည်တောင်ပိုင်း၊ လန်ဂွါဒေါ့နယ်၊ အာဘီမြို့မှစတင်သောကြောင့် အာဘီဂျန်းစီယမ်းဟု ခေါ်ရခြင်းဖြစ်သည်။) အာဘီဂျန်းစီယမ်းတို့သည် ရှေးမနီခီယမ်းတို့ယုံကြည်သည့်အတိုင်း ဖန်ဆင်းခြင်းနိယာမနှစ်ခုကို ယုံကြည်နေကြသည်။တစ်ခုသည်ကောင်းသည်။ကျန်တစ်ခုသည်ဆိုးသည်။ထို့အတူဝိညာဉ်ရေးသည်အကောင်းတရားဖြစ်သည်။အခြားလောက ရုပ်ဝတ္ထုများသည် အဆိုးတရားဖြစ်သည်။ ရုပ်ဝတ္ထုတိုင်းသည် အဆိုးတရားဖြစ်သည်ဆိုကတည်းက လူသားသည် မိမိကိုယ်ကိုအဆိုးတရားဦးစီးသော ခန္တာ၏အကျဉ်းထောင်သားဖြစ်နေတော့မည်။ သူ၏တစ်ခုတည်းသော ကယ်တင်ခြင်းမျှော်လင့်ချက်သည် ရုပ်ဝတ္ထုများအားလုံးကို ငြင်းပယ် စွန့်လွတ်မှသာ ဖြစ်တော့မည်။ ဒါမှ ဝိညာဉ်ရေးသက်သက်သာ ဖြစ်တော့မည်ဟုလေ့ကျင့်ခဲ့ကြသည်။ ၎င်းအာဘီဂျန်းစီယမ်းတို့သည် ဓမ္မာကျမ်းစာ၏ အစိတ်အပိုင်းတစ်ချို့ကို လက်ခံလျက် မိမိတို့ကိုယ်ကို ခရစ်ယာန်များဟု ကြွေးကြော်ကြသည်။ သူတို့၏ ခေါင်းဆောင်များသည် ပြီးပြည့်စုံသူများ ဟုအသိများပြီး ဘုရားသခင်၏စစ်မှန်သော ကိုယ်စားလှယ်သန့်သန့်ဟု မှတ်ထင်ကြသည်။သူတို.သည်ခြိုးခြံမူကိုကျင့်ကြံခြင်းအားဖြင့်ဖိနပ်မစီးဘဲလှည့်လည်ကာ သူတို့၏ခရစ်ယာန်ဂိုဏ်းခွဲအကြောင်းကိုဟောပြောခဲ့ကြသည်။ ထိုသို့တရားဟောရာတွင် အသင်းတော်၏အခွင့်အာဏာနှင့် သွန်သင်ချက်များကိုဝေဖန့်ရှုံ့ချတိုက်ခိုက်ခဲ့ကြသည်။ ကာသိုလ်လိပ်ဘာသာဝင်များအားသွေးထိုးခဲ့ကြသည်။သူတို့သွားလေရာတိုင်းတွင်ထိုအတိုင်းပင် ပြုလုပ်နေကြတော့သည်။
အခုတော့ ဒီမျှော်လင့်ချက်မဲ့နေတဲ့အခြေနေဆိုးကနေ လွတ်မြောက်ပြီးဘုန်းတန်ခိုးမြင့်လာချိန်တစ်ခု အသင်းတော်၏သမိုင်းတွင် ဘုရားသခင်၏ကူညီမစခြင်းဖြင့် ပြန်လည်အသက်ဝင်လာခဲ့သည်။ အဖြစ်ပျက်များသည် ဆက်စပ်မှုမရှိဟုထင်ရသော်လည်း ပုပ်ရဟန်းမင်းကြီး တတိယမြောက်အင်းနိုးဆင့် (Innocent) သည် ထိုအာဘီဂျန်းစီယမ်းတို့နယ်များ၌ ပြသနာများဖြေရှင်းရန်စိန်ဒေါမီနစ်ဂူစ်မာန် (St. Dominic of Guzman) ကိုစေလွှတ်ခဲ့သည်။
၎င်းတာဝန်သည် မမျှော်လင့်ဘဲရောက်လာခဲ့သော်လည်း စိန်ဒေါမီနစ်သည် အဆင့်သင့်ဖြစ်နေခဲ့သည်။ စိန်.ဒေါမီနစ်အား ၁၁၇၀ခုနှစ်တွင် စပိန်နိုင်ငံ၊ကာလယ်ရုလ်ဂါနယ်ရှိ ရဲတိုက်ဟောင်းတွင် မွေးဖွားခဲ့သည်။ အနီးနားမြို့ရှိ သူ၏ဦးလေးဘုန်းတော်ကြီးသည် သူ့အား ပညာဆည်းပူးရန် ထောက်ပံ့ခဲ့ပြီး ဗလင်စီယာတက္ကသိုလ်တွင် ဆက်လက်ဆည်းပူးခဲ့သည်။ တက္ကသိုလ် ပထမ (၆) နှစ်တွင် ခေတ်သစ်သိပ္ပံဘာသာရပ်များကို လေ့လာခဲ့ပြီး နောက်ထပ် (၄)နှစ်တွင်ဘုရားသခင်နှင့် တရားတော်အကြောင်း (Theology)နှင့် ကျမ်းစာများကို လေ့လာခဲ့သည်။ ဘုန်းတော်ကြီးတစ်ပါးအဖြစ် သိက္ခာခံယူခဲ့ပြီးနောက်၊ အိုစမာမြို့ရှိ ဘာဂိုကက်သီဒ္ဒြရယ်တွင် ပုံမှန်ဝိနည်းတော်ဝင် ရဟန်းတော်များအဖွဲ့၌ ဝင်ရောက်ခဲ့သည်။ ဤတွင် စာဂျပိုးဘာသာရေးပါရဂူကြီးသည် ဘာသာရေး၌ တွေးခေါ်ထောက်ရှု့သော သီးသန့်ဘဝဖြင့်နေထိုင်ရင်း တရားတော်၏ လူစစ်စစ်ဖြစ်လာခဲ့သည်။
ထိုကဲ့သို့သော ပညာရေး၊ ဝိညာဉ်ရေးပိုင်းတွင် နက်ရှိုင်းစွာကြိုးစားပြင်ဆင်ပြီးချိန် စိန်ဒေါမီနစ်အသက် (၃၀) ဝန်းကျင်တွင် တမန်တော်တစ်ဦးကဲ့သို့ပင်ဖြစ်လာခဲ့သည်။ ဒါဟာ ပုပ်ရဟန်းမင်းကြီးအသိမှတ်ပြုထားသော အသင်းဂိုဏ်းများနှင့် မသက်ဆိုင်ပါ။ သို့သော် သူ၏ဘဝတွင် ခေါ်တော်မူခြင်းအသစ်ရရှိခဲ့ခြင်းပင်ဖြစ်သည်။ ဒေါမီနီကန်ရှေးထုံးများပြောပြချက်အရ စိန်ပီတာနှင့်စိန်ပေါလူးသည် ရူပါရုံ၌ သူ့အားတောင်မွှေးတစ်ချောင်းနှင့် စာအုပ်တစ်အုပ်ပေးပြီး သွား၍ဟောပြောလော ဟုမိန့်ဆိုခဲ့သည်။
အာဘီဂျန်းစီယမ်းတို့၏ သွန်သင်ချက်များနှင့် နည်းလမ်းများအား ရင်းနှီးကျွမ်းဝင်လာသောအခါ စိန်ဒေါမီနစ်သည် ၎င်းတို့အား ၎င်းတို့နယ်မြေပေါ်တွင် ရင်ဆိုင်ရန်ဆုံးဖြတ်ခဲ့သည်။ သမ္မာကျမ်းစာတော်များ၊ သီအိုလိုဂျီ How do we call theology in Myanmar?နှင့် အသင်းတော်သမိုင်းကြောင်းများအား လူထုစကားရည်လုပွဲများပြုလုပ်ပြီး ရိုးရှင်းသောလူများအား အယူဝါဒရှုပ်ထွေးစေသော ဤဘာသာပျက်များ၏ မျက်နှာဖုံးများကို ခွာချပေးခဲ့သည်။ ဒါတင်မက၊ ခြေလျင်ခရီးနှင်လျက် ဆင်းရဲခြိုးခြံခြင်း၌လုံးဝနေထိုင်ကာ တရားတော်၏ နှိမ့်ချခြင်းသည် အပေါ်ယံပြင်ပရုပ်ဝတ္ထုများတွင် မဟုတ်ဘဲ နှလုံးသားမှလာ၍ ခရစ်တော်အား ရိုးရှင်းစွာအတုယူကျင့်ကြံခြင်းပင် ဖြစ်ကြောင်းပြသခဲ့သည်။
သူ၏ဘဝတွင် ကြုံတွေ့ရသောအန္တရာယ်အတွက် သူ၏နည်းလမ်းမှာ အလွန်ပင်အောင်မြင်သည်။ အန္တရာယ်တိုင်းကိုလည်း စိတ်အေးသက်သာစွာနှင့် ကြိုတင်ပြင်ဆင်ထားမှု့ရှိသော လူတစ်ယောက်၏ နှလုံးသားကဲ့သို့ ပျော်ရွှင်စွာရင်ဆိုင်ခဲ့သည်။ ထိုထက်ပင်ပို၍ စိတ်အားထက်သန်ပြီး တရားတော်နှင့် အသင်းတော်အတွက် မိမိ၏အသက် ပေးရန်အဆင့်သင့်ရှိသူဖြစ်သည်။
သို့သော်လည်း သူ၏တစ်ကိုယ်တော်ဆောင်ရွက်ချက်တို့သည် မည်မျှပင် အောင်မြင်သည်ဖြစ်ပါစေ၊ ၎င်းသည် တစ်ယောက်တည်းလုပ်ဆောင်ရန်အတွက် အလွန်လေးသောဝန်တစ်ခုဆိုသည်မှာ သေချာပါသည်။ တရားဟော ရဟန်းတော်များ ပို၍လိုအပ်လာသည်။ တရားဟောရဟန်းတော်များလည်း စိန်ဒေါမီနစ်ကဲ့သို့ စိတ်ဓာတ်ရှိခဲ့ကြသည်။ နေ့ရက်တို့ဖြတ်သန်းလာပြီး အချို့လူငယ်များ သူနှင့်အတူ ပူပေါင်း၍ လတ်တလောတာဝန်အတွက် ပေးဆပ်ခဲ့ကြသည်။ တရားဟောရဟန်းတော်များအဖွဲ့အစည်းတစ်ခု တည်ထောင်ခဲ့ကြသည်။ ဤသည်မှာ အသင်းဂိုဏ်း စတင်ပေါ်ပေါက်လာပုံပင်ဖြစ်သည်။ တရားဟောရဟန်းတော်များအသင်းဂိုဏ်း(Order of Preachers) ဆိုသည့် အမည်မှာ ပုပ်ရဟန်းမင်းကြီး တတိယမြောက်သြောနောရီးအုစ် ပေးခဲ့သော တရားဝင်အမည်ဖြစ်ပြီး ဒေါမီနီကန်ဆိုသည်မှာ စိန်ဒေါမီနစ် နော်လိုက်များကို ခေါ်ဝေါ်ခြင်းဖြစ်ပါသည်။ အသင်းဂိုဏ်းသည် အတက်အလက်ခွဲများမွေးဖွားခဲ့သည်ကိုလည်း သိထားစေချင်ပါသည်။
(၁) Friars (Priests and brothers) (ရဟန်းတော်များနှင့် ကိုရင်များ)
(၂) Contemplative Nuns (တရားထောက်ရှု့သော သီလှရှင်များ)
(၃) Sisters of the Active- life (တက်ကြွသော သီလှရှင်/စစ္စတာများ)
(၄) Lay Dominicans (လူဝတ်ဒေါမီနီကန်)
(၅) Secular Institutes and Confraternities (အခြားသီးသန့်အဖွဲ့အစည်းများနှင့် ပညာရေးအဖွဲ့အစည်းများ) ဟူဖြစ်ပါသည်။
၎င်းတို့အားလုံးကို ပေါင်းစပ်၍ ဒေါမီနီကန်မိသားစုဟု ခေါ်ဆိုပါသည်။
ဒေါမီနီကန်အသင်းသည် အသင်းဂိုဏ်းကြီး (Order) တစ်ခုဖြစ်သည်။ အခြားအသင်းဂိုဏ်းကြီးများနည်းတူ အခြေခံရည်မှန်းချက်များ ဖြစ်သည့် “ခရစ်တော်နောက်သို့ လိုက်ခြင်း” အား ဆင်းရဲခြိုးခြံခြင်း၊ သန့်ရှင်းဖြူစင်ခြင်း နှင့် နာခံခြင်းတို့ကို ကျင့်ကြံခြင်းအားဖြင့် နေထိုင်ကြသည်။
-၎င်းသည် တရားဟောအသင်းဂိုဏ်းဖြစ်သည့်အလျောက် တရားဟောခြင်းသည် ကျွန်ုပ်တို့၏အဓိက ပန်းတိုင်ဖြစ်ပြီး အသင်းတော်အတွင်းရှိ အသင်းဂိုဏ်း၏ ရည်မှန်းချက်ဖြစ်သည်။
No comments:
Post a Comment